ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီးအတွင်းရှိ (၂၀ -၃ -၂၀၂၀) ရက်နေ့ မကွေးကုန်စည်ဒိုင်နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်

Last Updated:

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင်( ၁၃--၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းဖြူ(၃၀၀၀/-)၊ နှမ်းဖြူ ရေသွင်း(၂၀၀၀/-)(၅၀၀၀/-)ကျပ် စျေးကျကာ   အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၈၀၀ မှ ၁၁၅၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင် ( ၁၃--၂၀၂၀ ) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲလွန်းဝါသေး  (၅၀၀/-) ၊    ပဲစဉ်းငုံ    (သစ်)    (၂၀၀/-) ၊   မတ်ပဲ (၂၂၀၀/-) ကျပ်   စျေးတက်ပြီး   ကုလားပဲ (929) (၁၄၀၀/-)၊    ကုလားပဲ (HL) (၁၅၀၀/-) ၊ ကုလားပဲသေး   (၁၅၀၀/-)၊  ပဲထောပတ် (၁၈၀၀/-) ကျပ် စျေးကျကာ ကျန်ပဲမျိုးစုံစျေးများအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက် ရှိပါ သည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််ယခင်( ၁၃--၂၀၂၀ )ရက်စျေးနှုန်းထက် မြေပဲလုံးဆံဖြူ(လိုင်း) (၁၀၀/-) ကျပ် မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး) (၁၀၀/-) ၊ မြေပဲလုံးဆံနီ (လိုင်း) (၁၀၀/-) စျေးတက်ပြီး၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၁၃..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၂၇၀/-) ကျပ်စျေးတက်ပြီး၊ နှမ်းဆီ၊ မြေပဲဆီ၊အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။

 

 

ဆန်

          မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၁၃.၃.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်၊ ပေါ်ဆန်းမွှေးဖျာပုံ၊ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။